။ ငတ်ခဲ့သော ဆွမ်းတစ်နပ် ။

။ ငတ်ခဲ့သော ဆွမ်းတစ်နပ် ။~~~~~~~~~~~~~~~~~~~။ ၁၉၈၈ ခုနှစ်မြန်မာပြည် အရေးအခင်းပြီးစီးသွားသောအခါသူသူငါငါအပြင်ကမ္ဘာနဲ့ထိတွေ့သွားကြတဲ့အချိန်ကဤအရှင်သည်လည်းအမိမြန်မာပြည်အတွက်ကွန်ပျူတာနည်းပညာနဲ့ပါဠိ+သက္ကတဘာသာစာပေအတွက်နည်းပညာဆည်းပူးဖို့အမိတိုင်းပြည်ကနေတစ်ပါးတည်းထွက်ခွာသွားပါတယ်။ ။ သက်တော်က မကြီးသေးဝါတော်လည်း မကြီးသေး၂၈ နှစ်ဆိုတဲ့အရွယ်လေးပေါ့။ ။အိမ်နီးနားချင်းတိုင်းပြည်တပြည်ရောက်တော့ရှေ့ဆက်မယ့်ခရီးမကြွသေးမီအမှီအခိုကင်းကင်းနဲ့ကိုယ်စိတ်တင်းပြီးအာရှနိုင်ငံရဲ့တစ်ချိန်ကမြို့ကြီးတစ်မြို့ရဲ့အလယ်မှာနံနက်စာအတွက်နံနက်ခင်းဆွမ်းခံဝင်ခဲ့ပါတယ်။ ။ မိုးလင်းအရုဏ်ဦးချိန်မှစပြီးအလင်းသစ်သစ်နံနက်အချိန်တိုင်အောင်ဆွမ်းခံလှည့်လည်ကြွခဲ့ပေမယ့်လောင်းသူမတွေ့လှူသူမရှိလမ်းဆုံ လမ်းဆုံးအကုန်လုံးကြွရောက်ခဲ့ပေမယ့်ထိုနေ့ ဆွမ်းမရအငတ်ကြီးငတ်ခဲ့ရသောပြင်ပနိုင်ငံတစ်ခုရောက်ခဲ့တဲ့ဘဝရဲ့အလှဒဿနကိုယနေ့တိုင်အောင်မမေ့နိုင်ပါပဲ။ ။ မြင်ရတဲ့ဓာတ်ပုံကအတိုင်းပါပဲပိန်ညောင်ကိုင်းတဲ့ရဟန်းတစ်ပါးရဲ့ဘဝအကိုင်းကအပိုင်းကိန်း မရိုင်းခဲ့ပေမယ့်ရင်ထဲကအပိုင်းပိုင်းပါပဲ။ ။ သည်နေ့တော့ထိုနေ့ကအကြောင်းကိုပြန်ပြောင်းပြောမိလေတိုင်းတိမ်ယံက မိုးသားတွေရွာချနေသလိုပါပဲ ဒါယကာတို့ရေ။ တောင်ကလေးဆရာတော်(၆.၁၀.၂၀၂၁) ရက်နေ့နံနက်။ Original Post: Facebook, Instagram